Consent (Burmese) – ခွင့်ပြုချက်ပေးခြင်း

  • ခွင့်ပြုချက်ပေးခြင်း- သင့်ကလေး ကုသမှုခံယူရန်အတွက် ခွင့်ပြုချက်ပေးခြင်း (Consent: giving permission for your child to have treatment)

    The Royal Children’s Hospital (RCH) ဆေးရုံ၌ ကျွန်တော်တို့သည် သင့်ကလေးအတွက် သိရှိနားလည်ပြီးမှ ချမှတ်သောဆုံးဖြတ်ချက်များအတွက် လိုအပ်သည့်အကြောင်းအားလုံးကို သင်အား ရရှိစေလိုပါသည်။ အောက်ပါ အချက်အလက်များသည် RCH ဆေးရုံတွင် လူနာ ကုသရန် ခွင့်ပြုချက်အကြောင်းအပြင် ခွင့်ပြုချက်ကို မည်သို့တောင်းခံနည်းကို ရှင်းပြထားပါသည်။

    ကျန်းမာရေး စောင့်ရှောက်မှုတွင် ခွင့်ပြုချက်ဆိုသည်မှာ အဘယ်နည်း။ (What is consent in healthcare?)

    ခွင့်ပြုချက်ဆိုသည်မှာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကုသမှု၊ ရောဂါရှာဖွေသည့် လုပ်ထုံးလုပ်နည်း၊ အကြံဉာဏ် သို့မဟုတ် အခြား လုပ်ဆောင်ရမည့်ကိစ္စအတွက် သဘောတူကြောင်း ဆုံးဖြတ်ချက်ဖြစ်သည်။

    ခွင့်ပြုချက် မပေးမီ မည်သည့်အရာကို စဉ်းစားသင့်ပါသလဲ။ (What should I consider before giving consent?)

    သင့်ကလေး၏ ကုသမှုအတွက် ခွင့်ပြုချက်ပေးသည့်အခါ သင့်တွင် ရှိနိုင်သည့် စိုးရိမ်မှု တစ်စုံတစ်ရာကို မေးမြန်းခွင့်နှင့် ဆွေးနွေးခွင့်ပေးသည့် ဖြစ်စဉ်ကို အခြေခံပါသည်။

    ခွင့်ပြုချက် မပေးမီ ကျန်းမာရေးဝန်ထမ်းကို သင် မေးမြန်းနိုင်သည့် မေးခွန်း ငါးခုကို Choosing Wisely Australia အဖွဲ့မှ စီစဉ်ပေးထားပါသည်။

    ရောဂါစစ်ဆေးမှု၊ ကုသမှု သို့မဟုတ် ရောဂါရှာဖွေသည့်လုပ်ထုံးလုပ်နည်း တစ်ခုခု မလုပ်မီ ဆရာဝန် သို့မဟုတ် အခြား ကျန်းမာရေး ဝန်ထမ်းအား မေးရန် မေးခွန်း ၅ ခု (Five questions to ask your doctor or other health care provider before you get any test, treatment or procedure)

    ၁။ ဤရောဂါစစ်ဆေးမှု သို့မဟုတ် ရောဂါရှာဖွေသည့်လုပ်ထုံးလုပ်နည်းကိုလုပ်ရန် အမှန်တကယ် လိုအပ်ပါသလား။ (1. Do I really need this test or procedure?)

    ရောဂါစစ်ဆေးမှုများသည် သင်နှင့်သင့်ဆရာဝန် သို့မဟုတ် အခြား ကျန်းမာရေးဝန်ထမ်းအား ရောဂါရှာဖွေရန် အထောက်အကူပြုနိုင်သည်။ ရောဂါရှာဖွေသည့် လုပ်ထုံးလုပ်နည်းများသည် ရောဂါကိုကုသပေးရန် အထောက်အကူပြုနိုင်သည်။

    ၂။ မည်သည့် အန္တရာယ်များ ရှိပါသလဲ။ (2. What are the risks?)

    နောက်ဆက်တွဲဆိုးကျိုးများ ရှိပါသလား။ တိကျမှု မရှိသည့် အဖြေများ ရနိုင်ခြေ ရှိပါသလား။ ၎င်းကြောင့် နောက်ထပ် စစ်ဆေးမှုများ သို့မဟုတ် ရောဂါရှာဖွေသည့် လုပ်ထုံးလုပ်နည်းများကို လုပ်ရနိုင်သလား။

    ၃။ ပိုလွယ်ကူပြီး ပိုစိတ်ချရသည့် နည်းလမ်းများ ရှိပါသလား။ (3. Are there simpler, safer options?)

    တစ်ခါတစ်ရံ ကျန်းမာရေးနှင့်ညီညွတ်သော အစာအစား စားသုံးခြင်း သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ခြင်းတို့ကို သင် လုပ်ရန်သာ လိုအပ်သည်။

    ၄။ အကယ်၍ ဘာမျှ မလုပ်လျှင် ဘာဖြစ်နိုင်မည်နည်း။ (4. What happens if I don’t do anything?)

    ဤစစ်ဆေးမှု သို့မဟုတ် ရောဂါရှာဖွေသည့် လုပ်ထုံးလုပ်နည်းကို မလုပ်ပါက အခြေအနေ ပိုဆိုးလာမည် သို့မဟုတ် ပိုကောင်းလာမည် ဟုတ်မဟုတ် မေးမြန်းပါ။

    ၅။ ကုန်ကျရနိုင်သည့် အရာများမှာ အဘယ်နည်း။ (5. What are the costs?)

    ကုန်ကျရနိုင်သည်များမှာ ငွေကြေး၊ စိတ်ဒုက္ခ သို့မဟုတ် အချိန်ကုန်ခြင်း ဖြစ်နိုင်သည်။ လူမှုအသိုက်အဝန်းအပေါ် ကုန်ကျမှုရှိလျှင်၊ ၎င်းမှာ သင့်တင့်လျောက်ပတ်ပါသလား သို့မဟုတ် ပိုသက်သာသည့် အခြား နည်းလမ်း ရှိပါသလား။

    ခွင့်ပြုချက်ပေးရန် မည်သူက တောင်းခံမည်နည်း။ (Who will ask me to give consent?)

    များသောအားဖြင့် ကုသပေးမည့် ကျန်းမာရေးဝန်ထမ်းမှ သင်၏ ခွင့်ပြုချက်ကို တောင်းခံပါလိမ့်မည်။ ၎င်းတို့သည် အရည်အချင်းရှိ၊ လုံလောက်သော ကုသမှုအတတ်ပညာရှိပြီး အန္တရာယ်များ၊ ကောင်းကျိုးများနှင့် အခြား နည်းလမ်းများကို တတ်သိနားလည်ကြပါသည်။ ယေဘူကျအားဖြင့် ဆရာဝန်မှ သင်၏ ခွင့်ပြုချက်ကို တောင်းခံမည်ဖြစ်သော်လည်း ကျွန်တော်တို့၏ အခြားဝန်ထမ်းများမှလည်း တောင်းခံနိုင်ပါသည်။

    ခွင့်ပြုချက်ကို ကျွန်တော် မည်သို့ပေးနိုင်သနည်း။ (How can I give my consent?)

    အောက်ပါနည်းလမ်းများအားဖြင့် ခွင့်ပြုချက် ပေးနိုင်ပြီး ကုသမှု သို့မဟုတ် စစ်ဆေးမှုအပေါ် မူတည်ပါမည်-

    • ဟန်အမူအရာအားဖြင့် - ဥပမာ သင့်ကလေးလက်ကို ကိုင်၍ ဆန့်ပေးခြင်းဖြင့် သူနာပြုအနေဖြင့် သွေးပေါင်ချိန် တိုင်းပေးနိုင်သည်။
    • နှုတ်အားဖြင့် - သင့်ကလေး ကုသမှုခံယူရန် သင် ခွင့်ပြုချက်ပေးကြောင်းကို နှုတ်အားဖြင့် ပြောဆိုခြင်း။
    • စာအားဖြင့် - သင့်ကလေး ကုသမှု ခံယူရန် ခွင့်ပြုချက်ပေးကြောင်းကို ခွင့်ပြုချက်ပုံစံတွင် လက်မှတ်ရေးထိုးခြင်း။

    အကယ်၍ အင်္ဂလိပ်စာမှာ ကျွန်တော်၏ ဘာသာစကား မဟုတ်လျှင် မည်သို့ဖြစ်မည်နည်း။ (What if English isn’t my preferred language?)

    ခွင့်ပြုချက်ပေးသည့် ဖြစ်စဉ်ကို သင် နားလည်စေရန် စကားပြန်ကို ကျွန်တော်တို့ စီစဉ်ပေးပါမည်။ RCH ဆေးရုံ ခွင့်ပြုချက်ပုံစံကို တူရကီ၊ အာရပ်၊ တရုတ် (ရိုးရာ)၊ ဒင်ကာ၊ ဆိုမားလီး နှင့် ဗီယက်နမ် ဘာသာစကားများဖြင့်လည်း ဘာသာပြန်ဆိုထားပါသည်။

    ခွင့်ပြုချက်ပေးရန်ဆွေးနွေးတိုင်ပင်ရာတွင် အကူအညီပေးမည့်သူတစ်ဦးကိုလည်း သင်နှင့်အတူ ခေါ်လာနိုင်ပါသည်။

    ခွင့်ပြုချက်ပေးရန် ကျွန်တော့်အား မည်သည့်အချိန်၌ မေးမြန်းမည်နည်း။ (When will I be asked to give consent?)

    လုပ်ပေးမည့် ကုသမှုမှာ ခက်ခဲပြီး အန္တရာယ် ရှိနိုင်သည့်အခါ သို့မဟုတ် သွေးသွင်းရန် လိုအပ်နိုင်သည့်အခါ စာဖြင့်ရေးသားထားသော ခွင့်ပြုချက် လိုအပ်ပါသည်။ သင့်ကလေး အိပ်ပျော်သွားစေရန် (မေ့ဆေးပေးခြင်း) လိုအပ်သည့် ရောဂါရှာဖွေသည့်လုပ်ထုံးလုပ်နည်းများအတွက် စာဖြင့်ရေးသားထားသည့် ခွင့်ပြုချက် အမြဲ လိုအပ်ပါသည်။

    ရောဂါရှာဖွေသည့် လုပ်ထုံးလုပ်နည်းတစ်ခုနှင့်စပ်လျဥ်းသည့် ခွင့်ပြုချက် ရယူရာတွင်၊ ဆေးရုံမတက်မီ ဆေးခန်းရက်ချိန်း သို့မဟုတ် အပြင်လူနာ စိစစ်ရေး ရက်ချိန်းတွင် စာဖြင့်ရေးသားထားသည့် ခွင့်ပြုချက်ကို ရယူနိုင်ပါသည်။ ဆေးရုံတက်သည့်နေ့တွင် ရောဂါရှာဖွေသည့်လုပ်ထုံးလုပ်နည်းကို သင် လုပ်လိုကြောင်း ကျွန်တော်တို့ ထပ်မံ မေးပါမည်။

    အရေးပေါ်အခြေအနေ၌ မည်သို့ဖြစ်မည်နည်း။ (What happens in an emergency?)

    အရေးပေါ် အခြေအနေ၌ အကယ်၍ ကျန်းမာရေးဝန်ထမ်းအနေဖြင့် လူနာ၏ အသက်၊ ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ကျရောက်နိုင်မည့် ပြင်းထန်ပြီး လတ်တလော အန္တရာယ်အား ကာကွယ်ရမည့်ကုသမှု လိုအပ်သည်ဟု ထိုက်သင့်စွာနှင့်ရိုးသားစွာ ယုံကြည်ပါက ၎င်းတို့အနေဖြင့် သင့်တော်သော လုပ်ထုံးလုပ်နည်းကို လုပ်ရန်အတွက် ခွင့်ပြုချက် တောင်းခံရန် မလိုအပ်တော့ဘဲ ဥပဒေနှင့်အညီ လုပ်ဆောင်နိုင်ပါသည်။

    မည်သူက ခွင့်ပြုချက် ပေးနိုင်သနည်း။ (Who can give consent?)

    များသောအားဖြင့် မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူ (ကလေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် ဥပဒေအရ အခွင့်အရေးများ၊ တာဝန်ဝတ္တရားများ၊ လုပ်ပေးစရာအလုပ်တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် အခွင့်အာဏာရှိသည့် ပုဂ္ဂိုလ်) အား ခွင့်ပြုချက်ပေးရန် မေးမြန်းပါသည်။ အချို့ကိစ္စများတွင် ကလေးများကလည်း ခွင့်ပြုချက် ပေးနိုင်သော်လည်း ထိုသို့ခွင့်ပြုချက်ပေးရန် စွမ်းရည်မှာ ၎င်းတို့၏ အသက်အရွယ်နှင့် ကုသမှု ယူမယူဆုံးဖြတ်ချက် ချမှတ်မည့် စွမ်းဆောင်ရည်အပေါ် မူတည်ပါသည်။ မည်သည့်အတိုင်းအတာအထိ သင့်ကလေးက ခွင့်ပြုချက်ပေးနိုင်သည်နှင့်ပတ်သက်သည့် လမ်းညွှန်ကို သင့် ကျန်းမာရေးဝန်ထမ်းက ပေးနိုင်ပါသည်။

    မွေးစား စောင့်ရှောက်ပေးသူများက တရားဝင် မိဘဆိုင်ရာ တာဝန်ကို သာမန်အားဖြင့် တာဝန် မယူနိုင်ပါ၊ ထို့ကြောင့် ကလေး ကာကွယ်ပေးရေး အမိန့် (Child Protection Order) နှင့်သက်ဆိုင်သည့် ကလေးအတွက် မည်သူက ခွင့်ပြုချက်ပေးနိုင်ကြောင်း သိရှိရန် ကလေး ကာကွယ်ပေးရေး ဌာန (Child Protection) ကို ဆက်သွယ်ရမည်ဖြစ်ပါသည်။

    အကြံပြုသည့် ကုသမှုကို ကျွန်တော် သဘောမတူလျှင် မည်သို့ဖြစ်မည်နည်း။ (What if I do not agree with the proposed treatment?)

    အကြံပြုသည့် ကုသမှုကို လူနာများ/မိသားစုများက သဘောမတူသည့်အခါ သဘောမတူခြင်းကြောင့် ကလေးအပေါ် သိသိသာသာ ထိခိုက်မှု ဖြစ်နိုင်ခြေရှိသည့်ကိစ္စ၌ ကျန်းမာရေးဝန်ထမ်းသည် လူနာ၏ အကောင်းဆုံး အကျိုးအတွက် ဥပဒေ အကြံဉာဏ် တောင်းခံနိုင်သည်။

    ကျွန်တော် စိတ်ပြောင်းသွားလျှင် ဘာဖြစ်မည်နည်း။ (What happens if I change my mind?)

    ခွင့်ပြုချက်ပေးပြီးနောက် အချိန်မရွေး သင် စိတ်ပြောင်းနိုင်သည်။ သင် စိတ်ပြောင်းသွားလျှင် စာဖြင့်ရေးသားထားသည့် ခွင့်ပြုချက် ပြန်ရုပ်သိမ်းကြောင်း မှတ်တမ်းတင်ရန် သင့်အား လက်မှတ်ထိုးခိုင်းနိုင်သည်။

    ကျွန်တော်၏ အခွင့်အရေးများမှာ အဘယ်နည်း။ (What are my rights?)

    ဆေးဘက်ဆိုင်ရာ ကုသမှုများ၏ အန္တရာယ်များနှင့် ကောင်းကျိုးများအကြောင်း အပြည့်အစုံ ရှင်းလင်းပေးစေရန် အခွင့်အရေး သင့်တွင် ရှိသည်။ ဆုံးဖြတ်ချက် ချမှတ်ရန် လိုအပ်မည့် သတင်းအကြောင်းခြင်းရာအားလုံးကို သင် ရပိုင်ခွင့်ရှိသည့်အပြင် မေးခွန်းများ မေးပိုင်ခွင့်နှင့် ကျေနပ်လောက်သော အဖြေများ ရပိုင်ခွင့်ရှိပါသည်။

    သင့်အပေါ် ကျွန်တော်တို့၏ ကတိကဝတ် (Our commitment to you)

    RCH ဆေးရုံတွင် ကျွန်တော်တို့အနေဖြင့် သင့်ကလေးကိုယ်စား သင် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် အဆင်ပြေနေစေလိုပါသည်။ သင့်တွင် မေးရန်မေးခွန်းများရှိပါက သင်၏ ခွင့်ပြုချက်ကို တောင်းခံသည့် ကျန်းမာရေးဝန်ထမ်းအား မေးမြန်းပါ။ အကယ်၍ သင် နားမလည်ပါက သင် လိုအပ်လျှင် နောက်ထပ် ရှင်းပြပေးစေရန် သို့မဟုတ် အချိန်ပိုပေးရန် ကျွန်တော်တို့အား အမြဲမေးမြန်းနိုင်ပါသည်။

    ဆေးဘက်ဆိုင်ရာ ခွင့်ပြုချက်ပေးသည့် နောက်ထပ် အကြောင်းခြင်းရာများကို အောက်ပါ အချိတ်အဆက်လင့်ဂ်များတွင် တွေ့ရှိနိုင်ပါသည်-


    Last updated May 2023